Dan Yar Tway Nae Yuu歌词由Ko Htett&Double K演唱,出自专辑《Dan Yar Tway Nae Yuu》,下面是《Dan Yar Tway Nae Yuu》完整版歌词!
Dan Yar Tway Nae Yuu歌词完整版
မဆုံနိုင်လို့ဝေးခဲ့တာ
နင့်အပေါ်အပြစ်ငါမမြင်ရက်ဘူး
နင်လိုသမျှကြိုးစားကာ
အဆုံးမှာဒဏ်ရာတွေနဲ့ရူး
နင်မလိုလည်းထားခဲ့ပါ
ရတယ်ငါမငြိုငြင်ခဲ့ဘူး
နင်မမြင်နိုင်တဲ့အချစ်စစ်ဟာ
အဆုံးမှာဒဏ်ရာတွေနဲ့ရူး
ဆစ်ခနဲနာခဲ့တဲ့ဒဏ်ရာထင်ခဲ့တာ
တဖြည်းဖြည်းနဲ့နက်နဲလာ
အတည်ပေါက်တွေကော
အတိအလင်းတွေငါ့ကိုပျက်ဆဲကာ
ရူးတယ်မှတ် မထူးတဲ့အကွက်နဲ့
နင့်အနာဂတ်အတွက်
Who the best??
To the west! ငါအရှေ့မတိုးတော့
ဆက်ဆံရေးတွေအခုပျယ်ဖျက်
ရင်ထဲမှာအချစ်တွေအပြည့်
မင်းမြင်အောင်မပြနိုင်ငါ့အမှားတွေ
ဘာမှလည်းမတပ်မက်ခဲ့ပါ
ပေးဆပ်လိုတဲ့သဒ္ဒါတရားတွေ
ဒါတွေနဲ့ချစ်ခဲ့တာ
မင်းထင်တာငါ့အချစ်မစစ်ခဲ့ပါ
အနုအရွတွေမလုပ်တတ်တော့လည်း
ကျန်နေခဲ့တယ်အပြစ်မဲ့စွာ
မင်းပြန်လှည့်ကြည့်ပါဦး
ဘာကြောင့်ရန်ဖိရှာတုန်း
ဒီတစ်ခါငါစိတ်ညစ်အောင်မလုပ်တော့
အရူးတစ်ယောက်လိုမှန်ထဲကြည့်ကာပြုံး
စိတ်တွေဖောက်ပြန်သွားတယ်
ငါဘာတစ်ခုမှကြံရာမရ
နင်ချန်ထားခဲ့ပြီပဲ
မျက်ရည်ကျလည်းမတန်ပါဟ
အမှန်တွေကိုချိုးချပြီး
စမန်တွေကိုပျိုးထ
အချစ်တွေပိုပြီးပေးခဲ့ပေမယ့်
ဗဟိုဘဏ်လိုအတိုးမရ
ဟိုးအမြင့်ကြီးဆွဲခေါ်ပြီးမှ
နင့်ကငါ့ကိုပြန်ပြစ်ချတယ်
ပြန်ချစ်ကျမယ်သီချင်းလိုမဟုတ်တော့
နင့်ရဲ့အနားကအမြန်လစ်ရမယ်
မဆုံနိုင်လို့ဝေးခဲ့တာ
နင့်အပေါ်အပြစ်ငါမမြင်ရက်ဘူး
နင်လိုသမျှကြိုးစားကာ
အဆုံးမှာဒဏ်ရာတွေနဲ့ရူး
နင်မလိုလည်းထားခဲ့ပါ
ရတယ်ငါမငြိုငြင်ခဲ့ဘူး
နင်မမြင်နိုင်တဲ့အချစ်စစ်ဟာ
အဆုံးမှာဒဏ်ရာတွေနဲ့ရူး
မင်းနေတဲ့အရပ်ကိုမျက်နှာမူ
လေထဲကအနမ်းခြွေ
မင်းနဲ့ငါပဲသိတဲ့
ငါတို့ရဲ့ဖန်တီးထားတဲ့ Slang တွေ
ပန်းတွေဘာတွေမဝေတော့
ငါအိပ်စက်တဲ့အခန်းလေးလည်း
ရင်ထဲကအပူတွေအငွေ့ရိုက်
မျက်နှာကျက်တွေပါကျွမ်းနေတယ်
Monday ရုံးမသွားချင်လောက်အောင်စိတ်တွေညစ်
အလုပ်ပြုတ်လည်းဂရုမစိုက်တော့
အိမ်ထဲမှာပဲအိပ်နေဖြစ်
လူကြီးတွေအပြင်ကခေါ်တဲ့
စကားသံတွေငါမကြားချင်
အခုချိန်မှာအချစ်က Second God
ငါ့အတွက်တော့ ဒုတိယဘုရားသခင်
Ohh Shit!
ငါတစ်ကယ်ကိုးကယ်မိပြီလား
အထာကြွယ်ဇိုးတစ်ကယ်ကြီးဂျီကျတော့
ချည်ထားတဲ့သံယောဇဉ်ကြိုးပျက်ပြီးပြေကျ
အိပ်ရေးတွေသိပ်မဝတော့
မျက်လုံးတွေကြောင်တိကြောင်တောင်
စိတ်တွေလေးလံပြီး
ငါ့အသိဉာဏ်တွေယောင်တိယောင်တောင်
အကြွေးမသိလို့မှားပြန်
ငါမင်းမရှိလို့အစားမမှန်
ငါနင့်ကိုမေတ္တာပို့ကိုးကွယ်တဲ့မြတ်စွာဘုရားထံ
အကွက်တွေကြိုက်သလိုရွှေ့
အချစ်ကိုနင်ကကျားကွက်ထိုး
ငါတို့ရဲ့အချစ်ပျိုးခင်းက
မောင်မဲလုံးလိုစပါးအထွက်မတိုး
မဆုံနိုင်လို့ဝေးခဲ့တာ
နင့်အပေါ်အပြစ်ငါမမြင်ရက်ဘူး
နင်လိုသမျှကြိုးစားကာ
အဆုံးမှာဒဏ်ရာတွေနဲ့ရူး
နင်မလိုလည်းထားခဲ့ပါ
ရတယ်ငါမငြိုငြင်ခဲ့ဘူး
နင်မမြင်နိုင်တဲ့အချစ်စစ်ဟာ
အဆုံးမှာဒဏ်ရာတွေနဲ့ရူး
အဆုံးမှာဒဏ်ရာတွေနဲ့ရူး