Wrong Person歌词由Ko Htett&Myat Minn Ko&Htoo Way演唱,出自专辑《Wrong Person》,下面是《Wrong Person》完整版歌词!
Wrong Person歌词完整版
ချစ်ခဲ့ဖူးတာတွေ မင်းဟာမေ့သွားတော့
မမေ့နိုင်တဲ့သူက အလွမ်းတွေရင်မှာပိုက်ကာ
အသည်းကွဲခြင်းဆိုတာ
မင်းထင်သလောက်တော့
လွယ်လွယ်လေးမဟုတ်ဖူး
နေ့စဉ်ငါကြေကွဲကာ
ဒီအသည်းမကြွေခင်အထိ
မင်းကိုငါလွမ်းမည်
တကယ်ချစ်မိခဲ့တဲ့အခါ
ဒီမျက်ရည်မကုန်ခင်အထိ
မင်းကိုချစ်အုန်းမည်
နင့်အမုန်းများသိမ်းဆည်းပါ
ငါ့ရင်ထဲမှာမပျော်မွေ့တဲ့အခါ
အဝေးကိုထွက်သွားမင်းဟာ
တကယ်မချစ်ခဲ့တဲ့အတိုင်းပါ
နင့်ရဲ့အတွေးမှာ ငါလူအမှားပေါ့ကွာ
နင့်အမြင်ထဲလူအမှန်နဲ့တွေ့တဲ့အခါ
တကယ်ချစ်ခဲ့တဲ့
လူအမှားကို သတိရ
ကမ္ဘာပျက်မှာကြိုသိလည်း
ပိုးဖလံလို မီးကိုတိုးပြီးမှ
ဘာအတွက်ငါငိုညည်း
တာထွက်မှာဂျိုကြီးနဲ့လို့ဝိုင်းပြောလည်း
ဒီ့ထက်ကို ငါမရှက်ပါပိုပြီး
ဂါလျက်ငါဖြိုမိတဲ့မာနတွေအရည်ဖျော်ပြီး
နှလုံးသားရဲ့ဟာကွက်မှာယိုစီး
လာဖက်ပါဆိုပြီးမတောင်းဆို
အနာဂတ်မှာကိုမရှိလည်း မငိုနဲ့
စာဖတ်ပါ ပိုပြီး
မျက်လုံးထဲကအရည်အကုန်ကျ
ဆွေးတဲ့အဆုံး ငါမင်းကို
သေရုံမှမေ့မယ် လုံးဝ
မုန့်အတူစားနေကျ
မေဓာဝီ နီလာ ပြီးတော့
ဝေပုလ္လမှာတွေ့ခဲ့တုန်းက
အဖြေ သုညပေးတဲ့ပုစ္ဆာလိုပဲ
ဘာလို့ထားခဲ့လဲ
တစ်နေကုန်ငါ တွေးလည်း
အနုတ်ပြ လက်ချင်းချိန်ပြီးတော့
သွားချင်သေးတယ်
ငါတို့ဖူးနေကျ
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ
အတိတ်ရိုင်းတို့နဲ့မပျော်ဖူးဟာ
ည ည ဆိုအသဲကွဲကာ
ငါ့မှာစိတ်တပိုင်းညိုးငယ်
ငါတို့ Date တိုင်းဒိုးတဲ့နေရာတွေရောက်တိုင်း
မျက်ရည်တွေကျနေပြီး အဆက်မပြတ်
မတိတ်တိုင်း ပျိုးတယ်
စော်မြင်ရင် ကိတ်တိုင်းပိုးတဲ့ကောင်မဟုတ်ဘူး
နောက်တစ်ယောက်နဲ့ စိတ်ကောက်တိုင်း
Fake Smile မပို့နဲ့
သိပ်မရိုင်းဖို့လဲမှာချင်တယ် ပြီးတော့
အရမ်းစားပြီးရင် နင်မမေ့နဲ့
Weight တိုင်းဖို့လည်း
ငါပြောင်းလဲပေးခဲ့ပါတယ်ဟာ
လူစင်စစ်ကနေ အထာကျတဲ့
နတ်ဆိုးအဖြစ်နဲ့
အနာတရနဲ့
အမြတ်တနိုး ချစ်ခဲ့ပြီး
အသဲကိုလောင်ကျွမ်း ပြာချခဲ့
အရက်တစ်မျိုးအဖြစ်နဲ့
သူ့ဘဲနဲ့ပုံတင်ခဲ့ရင်
ငါ့ဘော်ဒါတွေ ဘယ်သူဖြစ်ဖြစ်
လာမပြနဲ့ ဖြတ်ထိုးပစ်မယ်
ကမ္ဘာတစ်လွားပဲ ကပ်ဆိုးဖြစ်ခဲ့
ငါစိတ်ပူတာနင်ပဲ
ထာဝရထက် တစ်ရက်တိုးချစ်မယ်
ငါ့ရင်ထဲမှာမပျော်မွေ့တဲ့အခါ
အဝေးကိုထွက်သွားမင်းဟာ
တကယ်မချစ်ခဲ့တဲ့အတိုင်းပါ
နင့်ရဲ့အတွေးမှာ ငါလူအမှားပေါ့ကွာ
နင့်အမြင်ထဲလူအမှန်နဲ့တွေ့တဲ့အခါ
တကယ်ချစ်ခဲ့တဲ့
လူအမှားကို သတိရ
မကြည်သလိုတွေ
မျက်နှာဘေးမထားရအောင်
ယူပြီးရင် ရှာကျွေးဖို့ငါ
Eco တွေဖတ်ပေးထားတာ
ဒီလိုတွေအသက်ပေးထားတာ
မင်းမကြည့်နဲ့ဆိုတဲ့
18+ video တွေဖျက်ပေးရမလား
မမတွေကိုဖွန်ကြောင်ပြီး
ရေးထားတဲ့သီချင်းတွေကို
သီဆိုနေတာရပ်ပေးရမလား
ဟောဒီက ဆံရှည်နဲ့ Rapper ကြီး
မင်းကြိုက်တဲ့ ကိုရီးယားမင်းသားလို
Emo ကေညှပ်ပေးရမလား
အတိုင်းအဆမဲ့ထောင်းတာခံမယ့် ဘဝကို
ရင်ဆိုင်ဖို့ငြင်းဆန်
တံတိုင်းခြားခဲ့ ခေါင်းမာပြန်
နှိုင်းမရခဲ့ဗြောင်းကာဆန်အောင် ရင်ခုန်ရင်း
တို့နှစ်ယောက်အတူပျော်ခဲ့
မှိုင်းပြတဲ့ကျောင်းပါမချန်
အကိုင်းများနဲ့အမြှောင်းပါမကျန်အောင်
လှတဲ့ပန်းလေးကို
အခြားသူကရိုင်းပြခဲ့ ခေါင်းမှာပန်
Don't forget about me
At the wrong time
I'm your wrong person
ဒီအသည်းမကြွေခင်အထိ
မင်းကို ငါလွမ်းမည်
တကယ်ချစ်မိခဲ့တဲ့အခါ
ဒီမျက်ရည်မကုန်ခင်အထိ
မင်းကိုချစ်အုန်းမည်
နင့်အမုန်းများသိမ်းဆည်းပါ
ငါ့ရင်ထဲမှာမပျော်မွေ့တဲ့အခါ
အဝေးကိုထွက်သွားမင်းဟာ
တကယ်မချစ်ခဲ့တဲ့အတိုင်းပါ
နင့်ရဲ့အတွေးမှာ ငါလူအမှားပေါ့ကွာ
နင့်အမြင်ထဲလူအမှန်နဲ့တွေ့တဲ့အခါ
တကယ်ချစ်ခဲ့တဲ့လူအမှားကို သတိရ
တကယ်ချစ်ခဲ့တဲ့လူအမှားကိုသတိရပါ