In My Mind歌词由Saw Shine演唱,出自专辑《In My Mind》,下面是《In My Mind》完整版歌词!
In My Mind歌词完整版
စိတ်ထဲရှိတာပြောမယ် မင်းသေချာနားထောင်
အိပ်မက်လေးတစ်ခုဖန်တီးပြီးနေကြရအောင်
ရင်ထဲရှိတာပြောမယ် လျှို့ဝှက်မနေကြေးကွာ
အခက်အခဲရှိရင်လည်း အတူဝေမျှကြမယ်
မင်းအလိုရှိတာ ပြောလိုက်ပါ
ငါဖြည့်ဆည်းကာနေချင်လို့ပါ
မင်းအလိုရှိတာ ပေးဆပ်မှာ
ငါနဲ့ဝေးမှာကို မလိုချင်လွန်းလို့ပါ
ဒီရင်ထဲရှိတာပြောမယ် ဂရုစိုက်ကာနားထောင်
အိပ်မက်လေးတစ်ခုဖန်တီးပြီးအလည်သွားရအောင်
ရင်ခွင်ထဲမှေးစက်ပြီး စိတ်တိုင်းကျနေတဲ့အခါ
မကျီစားရက်ပါဘူး သူစိတ်ဆိုးသွားမှာ
မင်းအလိုရှိတာ ပြောလိုက်ပါ
ငါဖြည့်ဆည်းကာ ဂုဏ်ယူချင်လို့ပါ
မင်းအလိုရှိတာ ဖြည့်စွက်ကာ
တော်ကြာ နင်မေ့သွားမှာ မလိုချင်လွန်းလို့
မင်းစိတ်တိုင်းကျ တို့ရဲ့ဘဝကို
အတူမြတ်နိုးကာ ခုံမင်ချင်လွန်းလို့ပါ
မင်းအလိုရှိတာ ပြောလိုက်ပါ
ငါဖြည့်ဆည်းကာ ဂုဏ်ယူချင်လို့ပါ
မင်းအလိုရှိတာ ဖြည့်စွက်ကာ
တော်ကြာ နင်မေ့သွားမှာ မလိုချင်လွန်းလို့ပါ
ငါနဲ့ဝေးမှာကို မလိုချင်လွန်းလို့ပါ
နင်မေ့သွားမှာ မလိုချင်လွန်းလို့ပါ