Ain歌词由Two Pluz&Shrion演唱,出自专辑《Ain》,下面是《Ain》完整版歌词!
Ain歌词完整版
မည်းညစ်နေတဲ့ခြေထောက်တွေ ဦးတည်ရာမဲ့ဆီကို လှမ်းလျှောက်
မနေ့ကရောက်တဲ့ ဒီလမ်းမှာ ဒီနေ့ကျခွေးဆိုးတွေက အိပ်စောင့်
ပူလောင်ခြောက်သွေ့ လမ်းမပေါ် ရေငုံနှုတ်ဆိတ်နေရင်လည်း
ဘယ်သူကလာ ဂရုစိုက်ခါ အချိန်မှန် ထမင်းကျွေးနေမှာလည်း
နေ့တိုင်း ဒီလိုဘဝ ဘယ်အချိန်မှာ ငြိမ်းချမ်းရမလဲ
ငါမွေးကတည်းက ပွေ့ဖက်ထားတာ မသိတဲ့တယောက်ပဲ
ခိုနားရာတစ်နေရာ ဘယ်သူဖန်ဆင်းပေးထားမလဲ
မျှော်လင့်တဲ့ အတိုင်းတကယ်ဖြစ်လာမယ့်အချိန်တောင့်တမိ်ခဲ့
ကောက်ရထားတဲ့ ရာဘာဖိနပ် ပြေးရင်းလွှားရင်းဘယ်မှာ ကျွှတ်ထွက်
အမှိုက်ပုံပေါ်က သူငယ်ချင်းနဲ့ စကားတွေဖောင်ဖွဲ့ ငြင်းခုံရင်း
လူသိများတဲ့ မြောင်းထဲမှာ ရေချိုးရင်းနဲ့ သီချင်းဆိုညဉ်း
နောက်ဖေးလမ်းကြားသံလမ်းပေါ် ဖင်ထိုင်ချလို့ အမောဖြေရင်း
ဒီအတိုင်းဆို ဒီည ငါဘယ်မှာအိပ်စက်ရမလဲ
ငါတွေးရင်းတွေးရင်း စဉ်းစားမိတာ မိုးချုပ်ထိပဲ
ငါ့ကိုဘယ်သူက ဘယ်နေရာမှာမောင်းထုတ်ပစ်မလဲ
စိတ်ပျက်လက်ပျက်လက်တွေ့ဘဝ ဘယ်တော့အဆုံးသတ်မလဲ
ဘယ်မှာလဲ ဘယ်ဆီလဲ ဒီညငါ ဘယ်နားသွားရမလဲ
အဖေ အမေလည်း မမြင်ခဲ့ဘူးတယ် ငါ့ကိုဘယ်သူကမွေးခဲ့လဲ
ဘယ်မှာလဲ ဘယ်ဆီလဲ ခြေဦးတည်ရာပဲ သွားတော့မယ်
အဖေ အမေလည်း မမြင်ခဲ့ဘူးတယ် ငါ့ကိုဘယ်သူကမွေးခဲ့လဲ
Where should I go tonight?
Is there any place left to hide?
Daddy and Mommy are where, I have never seen with my own eyes